- အိခ်လာဆ်ွရှိရန် တိုက်တွန်းထားသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေနပ်နှစ်သက်ရန်အတွက် ဆောင်ရွက်သည့် အမလ်ကောင်းမှုကိုသာ လက်ခံတော်မူမည်ဖြစ်သည်။
- ကျေးကျွန်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေသည့် အမလ်ကျင့်ဆောင်မှုများကို အလေ့အထသဘောမျိုးဖြင့်ဆောင်ရွက်ခဲ့ပါက အကျိုးကုသိုလ်ရရှိမည်မဟုတ်ပေ။ ထိုအမလ်ကျင့်ဆောင်မှုများဖြင့် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်မှုရရန် ရည်ရွယ်ချက်ပါမှသာ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။