- အလ္လာဟ်လမ်းတော်၌ လှူဒါန်းသုံးစွဲရန် တိုက်တွန်းထားသည်။
- ကောင်းမြတ်သည့်ကိစ္စများ၌ လှူဒါန်းသုံးစွဲခြင်းသည် ရိုဇီရိက္ခာတွင် ဘရကသ် မင်္ဂလာရရှိရန်နှင့် တိုးပွားရန်အတွက် အကြီးကျယ်ဆုံး အကြောင်းခံများထဲတွင် ပါဝင်သည်။ ကျေးကျွန်အပေါ် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုသည် ၎င်းသူလှူဒါန်းသုံးစွဲမှုအပေါ်တွင် မူတည်သည်။
- ဤဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိ၏အရှင်မြတ်ထံမှတဆင့် ပြန်လည် ဆင့်ပြန်ခဲ့သည့် ဩဝါဒတော်များတွင် ပါဝင်သည်။ ဤကဲ့သို့ ဟဒီးဆ်မျိုးကို ဟဒီးဆ် ကုဒုစီ သို့မဟုတ် ဟဒီးဆ် အိလာဟီဟု ခေါ်သည်။ ဤဟဒီးဆ်တော်၌ ပါရှိသော စကားလုံးများ၊ အဓိပ္ပါယ်များအားလုံးသည် အလ္လာဟ်အရှင်မြတ် ထံတော်မှဖြစ်သော်လည်း အိဗာဒသ်အနေဖြင့် သိလာဝသ်ပြုခြင်း၊ သွဟာရသ် ရှိရန်လိုအပ်ခြင်း၊ ယှဉ်ပြိုင်ရန် စိန်ခေါ်ခြင်း၊ ‘အိအ်ဂျာဇ်’ တန်ခိုးအံ့ဖွယ်ရှိခြင်း အစရှိသော အခြားအရာများနှင့် ခွဲခြားထားသည့် ကုရ်အာန်ကျမ်းမြတ်နှင့်သီးသန့်သက်ဆိုင်သော ဂုဏ်ဝိသေသများ မပါရှိပါ။