- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အချစ်ထားရန် တာဝန်ရှိပြီး ကိုယ်တော်အား အခြားအဖန်ဆင်းခံ အားလုံးထက်ပို၍ ချစ်မြတ်နိုးရမည်။
- အပြည့်အဝချစ်မြတ်နိုးခြင်း၏ လက္ခဏာတစ်ခုမှာ အတမန်တော်မြတ်၏ စွန္နဟ်တော်ကို ကူညီပံ့ပိုးခြင်း၊ ထို့အတွက် မိမိ၏ကိုယ်နှင့် ဥစ္စာပစ္စည်းကို အသုံးချခြင်းဖြစ်သည်။
- ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ချစ်မြတ်နိုးခြင်းသည် ကိုယ်တော် အမိန့်ပေးသည့်အရာကို နာခံရန်၊ ကိုယ်တော် သတင်းပေးထားသည့်အရာကို ထောက်ခံရန်၊ ကိုယ်တော် တားမြစ်ထားသည့်အရာကို ရှောင်ကြဉ်ရန်၊ ဗိဒ်အဟ် တရားသစ်တီထွင်မှုတိုင်းကို စွန့်လွှတ်ရန် လိုအပ်သည်။
- ကိုယ်တော်မြတ်သည် ကျွန်တော်တို့အတွက် လမ်းမှားမှ လမ်းမှန်ကို သိရှိစေသည့်အကြောင်းခံ၊ ဂျဟန္နမ်ငရဲမီးဘေးမှ ကယ်တင်ပေးသည့် အကြောင်းခံ၊ ဂျန္နသ်သုခဘုံကို ရရှိခြင်းဖြင့် အောင်မြင်မှုကို ရရှိနိုင်မည့် အကြောင်းခံဖြစ်သောကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အခွင့်အရေးသည် လူသားအားလုံး၏ အခွင့်အရေးထက်ပို၍ ကြီးကျယ်ပြီး ပို၍လေးနက်သည်။