- ရှရီအဟ်တရားတော်ဘောင်ကိုကျော်ကာ အတိုင်းထက်အလွန် ချီးမွမ်းခြင်း၊ ကြည်ညိုလေးစားခြင်းများမပြုရန် သတိပေးတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှု သို့ရောက်ရှိစေသည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သတိပေးတားမြစ်ခဲ့သည့်ကိစ္စသည် ဤအွမ္မသ်၌ ပေါ်ပေါက်လာသည်။ အုပ်စုတစ်စုသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်၍ အစွန်းရောက်ခဲ့ကြပြီး အချို့အုပ်စုသည် ‘အဟ်လွလ်ဗိုင်းသ်’ ကိုယ်တော်၏ အိမ်တော်သူအိမ်တော်သားများနှင့်ပတ်သက်၍ အစွန်းရောက်ခဲ့ကြသည်။ အချို့အုပ်စုသည် ဝလီသူတော်စင်များနှင့်ပတ်သက်၍ အစွန်းရောက်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့အားလုံးသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှုသို့ ကျရောက်ခဲ့ကြသည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံ ကျေးကျွန်တစ်ဦးဖြစ်သည့်အတွက် ဖန်ဆင်းရှင်နှင့်သာသက်ဆိုင်သည့် မည့်သည့်အရာကိုမျှ မိမိအတွက် သုံးစွဲပိုင်ခွင့်မရှိကြောင်း ရှင်းပြရန်အလို့ငှာ မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်၏ကျွန်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း ပြောကြားခြင်းမှာ မိမိသည် အလ္လာဟ်အရှင်မြတ်စေလွှတ်သည့် ရစူလ်တမန်တော်တစ်ပါးဖြစ်သည့်အတွက် မိမိအားထောက်ခံရန်နှင့် နောက်လိုက်မှုပြုရန် အရေးကြီးကြောင်း ရှင်းပြရန်အတွက်ဖြစ်သည်။