- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အမိန့်ကို နာခံခြင်းသည် အလ္လာဟ်အရှင်မြ၏အမိန့်ကို နာခံခြင်းဖြစ်ပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အမိန့်ကို ဖီဆန်ခြင်းသည်အလ္လာဟ်အရှင်မြတ်၏အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမိန့်နာခံခြင်းသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အမိန့်ကို ဖီဆန်ခြင်းသည် ဂျဟန္နမ်ငရဲဘုံသို့ ကျရောက်စေမည်ဖြစ်သည်။
- ဟဒီးဆ်တော်တွင် ဤအွမ္မသ်သားတို့အနက်မှ အမိန့်နာခံသူများအတွက် သတင်းကောင်းပါရှိသည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်အား ဖီဆန်သူတို့မှအပ ကျန်အွမ္မသ်သားအားလုံးသည် ဂျန္နသ်သို့ ဝင်ရမည်ဖြစ်သည်။
- မိမိ၏အွမ္မသ်သားတို့အပေါ် ထားရှိသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကရုဏာတော်နှင့် ၎င်းတို့(ဟိဒါယသ်)တရားလမ်းမှန်ရရှိရန် ကိုယ်တော်၏ စိတ်အားထက်သန်မှုတို့ကို ဖော်ပြထားသည်။