- ကောင်းမြတ်သည့် လုပ်ရပ်များသည် မွန်မြတ်မှု၌ မတူညီကြသကဲ့သို့ အပြစ်အကုသိုလ်များသည်လည်း ပြစ်မှု၌ အကြီး၊အသေး ကွဲပြားကြသည်။
- ဟဒီးဆ်တော်က ညွှန်ပြထားသည့် အကြီးဆုံးအပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်း၊ ၎င်း၏နောက်တွင် အစ္စလာမ့် တရားဥပဒေအရ သတ်ခြင်းမှလွဲ၍ အလ္လာဟ်အရှင်မြတ်က ဟရာမ် တားမြစ်ထားသော အသက်တစ်ချောင်းကို သတ်ဖြတ်ခြင်း၊ ၎င်း၏နောက်တွင် ဇိနာ တရားမဝင်ကာမမှု ကျူးလွန်ခြင်း တို့ဖြစ်သည်။