- ဤအွမ္မသ်အတွက် အပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ မဟာကျေးဇူးတော်ကို တင်ပြထားသည်။ အရှင်မြတ်သည် ကောင်းမှုသိုလ်များကို အဆတိုး၍ မိမိထံရေးမှတ်တော်မူကာ မကောင်းမှုများကို အဆတိုးခြင်းမပြုပေ။
- လုပ်ရပ်တိုင်းတွင် ရည်စူးချက်၏ အရေးပါမှုနှင့် ၎င်း၏သက်ရောက်မှုကို ဖော်ပြထားသည်။
- အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ သနားကရုဏာတော်နှင့် ကောင်းကျိုးပြုတော်မူခြင်း တစ်ရပ်မှာ မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းကို ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။