- အသိဉာဏ်ရှိသူသည် သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုကို ချက်ချင်းပြုလုပ်ရန် တာဝန်ရှိသည်။ ၎င်းသည် မတရားမှု၌ရှိနေပါက အလ္လာဟ်အရှင်မြတ်၏ ပရိယာယ်အစီအစဉ်မှ စိတ်ချစွာမနေသင့်ပါ။
- မတရားပြုသူများကို အလ္လာဟ်အရှင်မြတ်က ချက်ချင်းအရးမယူဘဲ ဆိုင်းငံ့ထားခြင်းသည် ၎င်းတို့ သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုမပြုပါက ပြစ်ဒဏ်လည်း တိုးလာစေရန်အတွက် လှည့်စားထားခြင်းပင်ဖြစ်သည်။
- မတရားမှုသည် အွမ္မသ်အသီးသီးအပါ် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကျရောက်စေသည့် အကြောင်းခံများထဲတွင် ပါဝင်သည်။
- အလ္လာဟ်အရှင်မြတ်သည် မြို့ရွာတစ်ခု ဖျက်ဆီးပစ်သည့်အခါ တစ်ခါတစ်ရံတွင် ထိုမြို့ရွာ၌ သူတော်ကောင်းများလည်း ရှိနေတတ်သည်။ ၎င်းတို့သည် မိမိတို့ကောင်းမှုအပါ်တွင်ရှိလျက် သေးဆုံးခဲ့သည့်အတိုင်း ကိယာမသ်နေ့၌ ပြန်လည်ရှင်ပြန်ထရမည်။ အပြစ်ဒဏ်ခတ်ခြင်း၌ ရောပါသွားခြင်းသည် ၎င်းတို့အား ဆိုးကျိုးဖြစ်စေမည် မဟုတ်ပါ။