- ဤဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏အရှင်မြတ်ထံမှတစ်ဆင့် ဆင့်ပြန်သည့် ဟဒီးဆ်တော်ဖြစ်သည်။ ၎င်းအား ဟဒီးဆ် ကုဒ်ဆီ (မြင့်မြတ်သည့် ဟဒီးဆ်တော်) သို့မဟုတ် ဟဒီးဆ် အိလာဟီ (ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သောအရှင်၏ ဟဒီးဆ်တော်)ဟု ခေါ်ဆိုသည်။ ၎င်း၏ စာသားနှင့် အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်ထံမှဖြစ်သော်လည်း ၎င်းတွင် ကုရ်အာန်ကျမ်းမြတ်နှင့်သာ သက်ဆိုင်သည့် ဝိသေသများဖြစ်သော ရွတ်ဖတ်ခြင်းဖြင့် အိဗာဒသ်ဖြစ်ခြင်း၊ ကိုင်တွယ်ရန်အတွက် ဝုသွူရေသန့်စင်မှုပြုရခြင်း၊ အလားတူ အာယာသ်များယူလာရန်စိန်ခေါ်ခြင်း၊ အခြားသူများကို မတတ်စွမ်းနိုင်အောင်လုပ်ခြင်း စသည့်အချက်များ မပါရှိပေ။
- ကျေးကျွန်များ အသိပညာနှင့် လမ်းမှန်တရားရရှိခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းမှန်တရားချီးမြှင့်မှု၊ အသိပညာချီးမြှင့်မှုတို့ကြောင့်ပင်ဖြစ်သည်။
- ကျေးကျွန်တစ်ဦးရရှိသည့် ကောင်းကျိုးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်ဖြစ်ပြီး ၎င်းရရှိသည့် ဆိုးကျိုးသည် မိမိနှင့် မိမိ၏အလိုရမ္မက်ကြောင့်ဖြစ်သည်။
- မည်သူမဆို ကောင်းမှုကို ဆောင်ရွက်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာဖြစ်သည်။ ကောင်းမှုအပေါ် အစားပေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် သက်သက်သာဖြစ်သည်။ ချီးမွမ်းထောမနာခြင်းအပေါင်းသည် ထိုအရှင်မြတ်အဖို့သာဖြစ်သည်။ အကြင်သူသည် မကောင်းမှုပြုလုပ်ခဲ့ပါက မိမိကိုယ်မိမိသာ အပြစ်တင်ရမည် ဖြစ်သည်။