- လူတို့၏စကားကိုကြောက်၍ အမှန်တရားကို မစွန့်လွှတ်ရပေ။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တရားလမ်းမှန်သို့ ညွှန်ကြားပြသပေးသည့် ဟိဒါယသ်ကို ပိုင်ဆိုင်သော်လည်း တရားလမ်းမှန်ပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်ကို မပိုင်ဆိုင်ပေ။
- နာမကျန်းဖြစ်နေသော ဘာသာခြားကာဖိရ်အား အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ရန်ရည်ရွယ်ချက်ဖြင့် သတင်းမေးမြန်းခြင်းကို ခွင့်ပြုထားသည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အခြေအနေတိုင်းတွင် အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်ရန် စိတ်အားထက်သန်သည်။