- ကျိန်ဆိုခိုင်းခြင်း မရှိလျှင်လည်း အကြောင်းအရာတစ်ခုကို အတည်ပြုရာတွင် ပို၍ လေးနက်မှုရှိစေရန် ကျိန်ဆိုခြင်း ပြုပိုင်သည်။
- နောက်ဆုံးခတ်သမယတွင်အီစာ(အလိုင်းဟိစ္စလာမ်) ဆင်းသက်တော်မူမည့်အကြောင်း အတည်ပြုတင်ပြထားသည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှရီအဟ် တရားလမ်းစဉ်အား အခြားမည်သည့်လမ်းစဉ်ကမျှ မပယ်ဖျက်နိုင်ပေ။
- ခရစ်ယာန်များက လက်ဝါးကပ်တိုင်ကို အလေးအမြတ်ထားခြင်းသည် မှားယွင်းကြောင်း အလေးအနက်ထား ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် လက်ဝါးကပ်တိုင်အား ချိုးဖျက်ခြင်းသည် ထိုကိစ္စ တရားမဝင်ကြောင်းနှင့် ယင်းနှင့်သက်ဆိုင်သည့် ပညတ်ချက်အားလုံးကို ပယ်ဖျက်လိုက်ခြင်းပင်ဖြစ်သည်။
- အီစာ(အလိုင်းဟိစ္စလာမ်)၏ ရှရီအဟ် တရားလမ်းစဉ်တွင် ဝက်သည် ဟရာမ်တားမြစ်ထားသောအရာဖြစ်သည်။ ၎င်းကိုသတ်ဖြတ်ခြင်းသည် ခရစ်ယာန်များက မိမိတို့၏ ရှရီအဟ် တရားလမ်းစဉ်၌ ဝက်သည် ဟလာလ် စားသုံးပိုင်ခွင့်ရှိသည်ဟု ပြောဆိုချက်ကို ငြင်းပယ်ထားခြင်းပင်ဖြစ်သည်။
- ဝက်သည် မသန့်ရှင်းကြောင်း ညွှန်ပြထားသည်။
- နောက်ဆုံးခေတ်သမယ၌ ဥစ္စာပစ္စည်းတွင် ဗရ်ကသ် မင်္ဂလာများ ကျရောက်လာခြင်းနှင့်အတူ လူတို့တွင်လည်း ဥစ္စာပစ္စည်းများ ပေါများလာခြင်း၊ ငွေကြေးလိုအပ်ချက် မရှိတော့ခြင်း၊အလိုဆန္ဒများလည်း နည်းပါးလာခြင်း စသည်တို့ကြောင့် ဥစ္စာပစ္စည်းအပေါ် အလိုရမ္မက် လျော့နည်းသွားကြမည်။
- အီစာ(အလိုင်းဟိစ္စလာမ်)ဆင်းသက်လာပြီး အစ္စလာမ့် တရားလမ်းစဉ်၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှရီအဟ် တရားလမ်းစဉ်အတိုင်း အုပ်ချုပ်မည်ဖြစ်ကြောင်း ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ အီမာန်သက်ဝင်ယုံကြည်ရန် အရေးကြီးသည့် ကိယာမသ်၏ နိမိတ်လက္ခဏာများတွင်ပါဝင်သည်။