- ဂျန္နသ်နှင့် ဂျဟန္နမ်သည် ယခုတည်ရှိနေကြောင်း အီမာန်သက်ဝင်ယုံကြည်ရမည်။
- အကွယ်ကို အီမာန်သက်ဝင်ယုံကြည်ရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားထားသည့် အရာတိုင်းကို အီမာန်သက်ဝင်ယုံကြည်ရန် တာဝန်ရှိသည်။
- မနှစ်မြို့ဖွယ်ရာများကို သည်းခံရမည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျန္နသ်သို့ပို့ဆောင်ပေးမည့် လမ်းပင်ဖြစ်သည်။
- တားမြစ်ထားသည့်အရာများမှ ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျဟန္နမ်သို့ ပို့ဆောင်ပေးမည့်လမ်းပင်ဖြစ်သည်။
- ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံထားပြီး၊ ဂျဟန္နမ်ငရဲဘုံအား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားသည်။ ဤသည် လောကီဘဝသက်တမ်းတွင် စမ်းသပ်မှုပင်ဖြစ်သည်။
- ဂျန္နသ်သို့သွားရာလမ်းသည် ခက်ခဲကြမ်းတမ်းပြီး အီမာန်ယုံကြည်မှုနှင့်အတူ သည်းခံခြင်းတရားလက်ကိုင်းထားရန် လိုအပ်သည်။ ဂျဟန္နမ်သို့သွားရာလမ်းသည် စိတ်အလိုရမ္မက်များ၊ လောကီစည်းစိမ်ချမ်းသားများဖြင့် ပြည့်နှက်နေသည်။