- စိတ်ရိုင်းအလိုရမ္မက်များတွင် ကျရောက်ရသည့် အဓိကအကြောင်းရင်းမှာ ရှိုင်သွာန်မိစ္ဆာသည် မကောင်းသောအရာများနှင့် စက်ဆုပ်ရွံရှာဖွယ်ရာတို့အား လူသား၏စိတ်ထဲတွင် ကောင်းမွန်သည်ဟု အထင်ရောက်စေရန်နှင့် ထိုဘက်သို့ ယိမ်းယိုင်လာစေရန် တန်ဆာဆင်ပေးသည့်အတွက် ဖြစ်သည်။
- တားမြစ်ထားသည့် စိတ်အလိုရမ္မက်များသည် ဂျဟန္နမ်ငရဲဘုံသို့ ရောက်ရှိစေသည့် လမ်းဖြစ်သည့်အတွက် ရှောင်ကြဉ်ရမည်။ ထို့အတူ စိတ်မနှစ်မြို့ဖွယ်ရာများသည် ဂျန္နသ်သုခဘုံသို့ ရောက်စေသည့် လမ်းဖြစ်သည့်အတွက် ထိုအပေါ် သည်းခံရမည်။
- ‘နဖ်စ်' စိတ်ရိုင်းဖြင့် ဂျိဟာဒ်ပြုခြင်း၊ အိဗာဒသ်ပြုရန် ကြိုးစားအားထုတ်ခြင်း၊ အမိန့်နာခံမှု၌ရှိနေသော အခက်အခဲများ၊ စိတ်မနှစ်မြို့ဖွယ်ရာများအပေါ်သည်းခံခြင်း၏ မွန်မြတ်မှုကို ဖော်ပြထားသည်။