- ဤသတိပေး ခြိမ်းခြောက်မှုသည် နိုင်ငံ့အကြီးအကဲများ၊ ၎င်းတို့၏ လက်ထောက်များအတွက်သာ သီးသန့်မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်က လက်အောက်ခံတို့ကို အုပ်ထိန်းရန် တာဝန်ခံအဖြစ် သတ်မှတ်ပေးထားသူအားလုံးနှင့် သက်ဆိုင်သည်။
- မွတ်စ်လင်မ်တို့၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားသူတိုင်းသည် လက်အောက်ခံတို့အား ကောင်းမွန်စွာ ဆုံးမပဲ့ပြင်ရန်၊ ပေးအပ်ထားသည့် တာဝန်ကိုကျေပွန်စွာ ကြိုးစားဆောင်ရွက်ရန်၊ အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ရန် အရေးကြီးသည်။
- ကြီးသည်ဖြစ်စေ၊ ငယ်သည့်ဖြစ်စေ၊ အများနှင့်သက်ဆိုင်သည်ဖြစ်စေ၊ သီးသန့်ဖြစ်စေ လက်အောက်ငယ်သားတို့အား အုပ်ထိန်းရန် တာဝန်ယူထားသူတိုင်း၏ တာဝန်ကြီးမားပုံကို တင်ပြထားသည်။