- အလ္လာဟ့်အမိန့်ဖီဆန်သည့် ကိစ္စမျိုးမှလွဲ၍ ကျန်ကိစ္စများတွင် အာဏာပိုင် ခေါင်းဆောင်များ၏ အမိန့်ကိုနာခံရန် တာဝန်ရှိသည်။
- ဤဩဝါဒတော်တွင် အိမာမ် ခေါင်းဆောင်၏ အမိန့်ကိုမနာခံသူ၊ မွတ်စ်လင်မ် ဂျမာအသ်မှ ခွဲထွက်သူတို့နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည်။ အကယ်၍ ၎င်းသည် ထိုအခြေအနေ၌ပင် ကွယ်လွန်ခဲ့ပါက အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ၏ လမ်းစဉ်ပေါ်တွင် သေဆုံးခြင်းပင်ဖြစ်သည်။
- ဟဒီးဆ်တော်တွင် လူမျိုးစွဲဖြင့် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။
- ကတိကဝတ်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။
- အမိန့်နာခံခြင်း၊ ဂျမာအသ်နှင့်အတူရှိနေခြင်းတို့တွင် ကောင်းခြင်းများ၊ လုံခြုံစိတ်ချရမှု၊ စိတ်နှလုံး အေးချမ်းမှုနှင့် အခြေအနေကောင်းများရှိသည်။
- အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ၏ အခြေအနေများကို အတုခိုးခြင်းအား တားမြစ်ထားသည်။
- မွတ်စ်လင်မ် ဂျမာအသ်နှင့်အတူနေရန် အမိန့်ပေးထားသည်။