- စွန္နသ်ကို ဆုပ်ကိုင်ထားရန်နှင့် စွန္နသ်အပေါ်လိုက်နာကျင့်သုံးရန်အရေးကြီးကြောင်း ဖေါ်ပြထားသည်။
- တရားစကားများနှင့် စိတ်နှလုံးသားများ နူးညံ့ပျော့ပျောင်းရေးကို အလေးထားရမည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကွယ်လွန်ပြီးနောက် ကိုယ်တော်မြတ်၏ စွန္နသ်လမ်းစဥ်အပေါ် လိုက်နာကျင့်သုံးကြသည့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသော ဖြောင့်မတ်မှန်ကန်သည့် ခလီဖဟ်ကြီးများကို နောက်လိုက်မှုပြုရမည်။
- သာသနာတွင် တရားသစ်တီထွင်ခြင်းအားတားမြစ်ထားပြီး၊ တရားသစ်များကိုနောက်လိုက်ခြင်းမပြုရန် သတိပေးတားမြစ်ထားသည်။
- အလ္လာဟ်အရှင်မြတ်၏အမိန့်ဖီဆန်သည့်ကိစ္စမှအပ အခြားကဏ္ဍများတွင် မုအ်မင်န်တို့၏အရေးကိစ္စများကို တာဝန်ယူဆောင်ရွက်သူ၏ အမိန့်ကိုနာခံရမည်။
- အခြေအနေတိုင်း၊ အရေးကိစ္စတိုင်းတွင် အလ္လာဟ်အရှင်မြတ်အပေါ် သက္ကဝါတရားထားရှိရန်အရေးကြီးကြောင်း ဖေါ်ပြထားသည်။
- (‘ဗိဒ်အသ်’ တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။) ဟူသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏သြဝါဒတော်သည် စကားတိုတောင်းပြီး အဓိပ္ပါယ်ပြည့်စုံသည့် မိန့်ကြားချက်ဖြစ်ပြီး မည်သည့်တရားသစ်တီထွင်မှုမျိုးမဆို ၎င်း၌အကျုံးဝင်ပေသည်။၎င်းသည် သာသနာ့အခြေခံစည်းမျဉ်းများအနက် ကြီးကျယ်လှသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။
- နောင်လာမည့်မျိုးဆက်များနှင့် လူမျိုးများတွင်ကွဲလွဲမှုများ၊ မသင့်မြတ်မှုများပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။