- ရှိုင်သွာန်၏ အန္တရာယ်နှင့် ၎င်းဘက်မှ ဖြစ်ပေါ်လာသော မကောင်းသည့် အတွေးများကို ဆက်လက်တွေးတော စဉ်းစားခြင်းမပြုဘဲ ကျောခိုင်းလိုက်ရမည်။ ထိုအတွေးများကို ဖယ်ရှားပေးရန် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူရမည်။
- လူသား၏ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာသော သာသနာနှင့် ဆန့်ကျင်သည့်အတွေးများသည် ရှိုင်သွာန်ဘက်မှဖြစ်သည်။
- အလ္လာဟ်ရှင်မြတ်၏ ‘ဇာသ်’ ဇာတိတော်နှင့်ပတ်သက်၍ စဉ်းစားခြင်းမပြုရန် တားမြစ်ထားပြီး အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများနှင့် အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို စဉ်းစားရန် တိုက်တွန်းထားသည်။