- စွန္နသ်တော်တွင် အတည်ပြုထားသော ဂျနာဇဟ်ဆွလာသ်မှအပ သင်္ချိုင်းများ၌လည်းကောင်း၊ သင်္ချိုင်းများကြား၌လည်းကောင်း၊ သင်္ချိုင်းများဘက်သို့လှည့်၍လည်းကောင်း ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်ထားသည်။
- ‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ရောက်ရှိစေမည့် အကြောင်းခံများအားလုံးကို ပိတ်ပင်သည့်အနေဖြင့် ကဗရ်သင်္ချိုင်းဘက်သို့ လှည့်၍ ဆွလာသ် ဆောက်တည်ခြင်းကို တားမြစ်ထားသည်။
- အစ္စလာမ်သာသနာတော်သည် ကဗရ်များကို အတိုင်းထက်အလွန် ဂုဏ်ပေးခြင်းနှင့် သေးသိမ်အောင်ပြုခြင်း နှစ်မျိုးစလုံးကို တားမြစ်ထားသည်။ အတိုင်း ထက်အလွန်ဖြစ်ခြင်းနှင့် လျစ်လျှူပြု အလေးမထားခြင်းတို့ မရှိစေရ။
- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားချက်ဖြစ်သည့် “သေသူ၏အရိုးကို ချိုးခြင်းသည် အသက်ရှင်နေစဉ် အရိုးကိုချိုးသကဲ့သို့ပင်ဖြစ်သည်။” ဟူသည့် ဩဝါဒတော်ကြောင့် မွတ်စ်လင်မ်တစ်ဦး၏ ဂုဏ်သိက္ခာသည် ၎င်းသူ ကွယ်လွန်ပြီးနောက်တွင်လည်း ကျန်ရှိနေသည်။