- ပြစားမှုသည် သူတော်ကောင်းတို့အတွက် ဒဂ်ျဂျာလ်၏ အန္တရာယ်ထက်ပင် ပို၍ စိုးရိမ်စရာဖြစ်သည်။
- ပြစားမှုနှင့် (ရှိရ်က်)ဖက်စပ်ကိုးကွယ်မှုအားလုံးမှ သတိပေးတားမြစ်ထားသည်။
- ကိုယ်တော်မြတ်သည် မိမိ၏(အွမ္မသ်)နောက်လိုက်သားတို့အပေါ် အလွန်သနားကရုဏာထားတော်မူကာ ၎င်းတို့ လမ်းမှန်တရားရရှိရန်နှင့် ၎င်းတို့၏ကောင်း ကျိုးကိုသယ်ပိုးရန် ဆန္ဒပြင်းပြတော်မူသည်။
- (ရှိရ်က်)ဖက်စပ်ယှဥ်တွဲကိုးကွယ်ခြင်းအား (အက္ကဗရ်)ရှိရ်က်အကြီးနှင့် (အဆ်ွဂရ်)ရှိရ်က်အသေးဟူ၍ ခွဲခြားထားသည်။ ရှိရ်က်အကြီးဆိုသည်မှာ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ သီးသန့်ဖြစ်သည့်အရာများတွင် အခြားတစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တန်းတူပြုလုပ်ခြင်းဖြစ်သည်။ ရှိရ်က်အသေးဆိုသည်မှာ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်ဩဝါဒတော်တို့တွင် ရှိရ်က်ဟူသည့်အသုံးအနှုံးဖြင့်ဖေါ်ပြထားသော်လည်း ရှိရ်က်အကြီး၏ အဆင့်သို့မရောက်ရှိသည့် အမျိုးအစားဖြစ်သည်။ ၎င်းတို့နှစ်ခု၏ ခြားနားချက်မှာ (က)ရှိရ်က်အကြီးသည် အမလ်ကောင်းမှုအားလုံးကို ပျက်စီးစေသည်။ ရှိရ်က်အသေးသည် ထိုရှိရ်က်ပါဝင်သည့်အမလ်ကောင်းမှုကိုသာ ပျက်စီးစေသည်။ (ခ) ရှိရ်က်အကြီးကျူးလွန်သူသည် ဂျဟန္နမ်ငရဲဘုံတွင် ထာဝရ နေထိုင်ရမည်။ ရှိရ်က်အသေးကျူးလွန်သူသည် ဂျဟန္နမ်ငရဲဘုံတွင် အမြဲမနေထိုင်ရပါ။ (ဂ)ရှိရ်က်အကြီးသည် အစ္စလာမ်သာသနာ၏ ဘောင်အပြင်သို့ရောက်စေသည်။ ရှိရ်က်အသေးသည် အစ္စလာမ်သာသနာ၏ ဘောင်အပြင်သို့ မရောက်စေပါ။