- ကျိန်ဆိုမှုဖြင့် ကြီးကျယ်မြင့်မြတ်ကြောင်း ဖော်ထုတ်ခြင်းသည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များဖြင့်သာ ကျိန်ဆိုရမည်။
- ဆွဟာဗဟ် သာဝကများသည် ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းမှု တားမြစ်ခြင်းပြုရန် အလွန်ပင် စိတ်အားထက်သန်ကြသည်။ အထူးသဖြင့် ကုဖ်ရ်၊ ရှိရ်က်နှင့် သက်ဆိုင်သည့် မကောင်းမှုများကို တားမြစ်ရန် ပို၍ပင်စိတ်အားထက်သန်ကြသည်။