- ဗေဒင်ဟောခြင်း၊ ဗေဒင်လက္ခဏာဆရာများထံ သွားခြင်း၊ ၎င်းတို့အား အကွယ်အကြောင်းအရာများကို မေးခြင်း ဟရာမ်ဖြစ်သည်။
- လူသားသည် မိမိကျူးလွန်လိုက်သည့် အကုသိုလ်ကြောင့် တစ်ခါတစ်ရံ ကောင်းမှုများ၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်သွားသည်။
- ရာသီခွင်ကို ကြည့်ကာ ဗေဒင်တွက်ခြင်း ဟောခြင်း၊ လက်ဝါးပြင်ကိုကြည့်၍ ဟောခြင်း၊ ဖန်ခွက်ဖြင့် ဟောခြင်း စသည့်ကိစ္စရပ်များကို ယုံကြည်မှုမရှိဘဲ
- လေ့လာရန်သဘောမျိုးဖြင့် သွားရောက်မေးမြန်းခြင်းသည်လည်း ဤဟဒီးဆ်တော်၏ အမိန့်တွင် အကျုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြပါ ကိစ္စများအားလုံးသည် ဗေဒင်လက္ခဏာပညာဖြစ်ပြီး အကွယ်ကိုသိကြောင်း ကြွေးကြော်ခြင်း၌ပါဝင်သည်။
- ဗေဒင်၊ နက္ခတ်၊ အကြားအမြင်ဆရာများထံ သွားသူ၏အပြစ်သည် ဤသို့ဖြစ်လျှင် မိမိကိုယ်တိုင် ဟောကြားသူသည် မည်မျှအပြစ်ကြီးမည်နည်း။
- ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းမခံရသည့် အလိုသဘောမှာ ဆွလာသ်အထမြောက်သွားပြီး ကဿွာဖြည့်ရန်မလိုသော်လည်း ဆွလာသ်အတွက်မည်သည့် အကျိုးကုသိုလ်မျှ ရရှိမည်မဟုတ်ပေ။