- သောင်ဝ်ဟီးဒ် နှင့်အကီဒဟ် ယုံကြည်ချက်ကို ထိန်းသိမ်းပြီး ၎င်းတို့အားပျက်ပြားစေမည့် ကိစ္စတိုင်းမှရှောင်ကြဉ်ရမည်။
- ရှိရ်က်ပါသည့် “ရုကာ” “သမာအင်မ်” “သိဝလဟ်” တို့ကိုသုံးစွဲခြင်း ဟရာမ် မပြုပိုင်ပေ။
- လူတစ်ဦးက အထက်ပါ အရာသုံးခုကို အကြောင်းခံများဖြစ်ကြောင်း ယုံကြည်ပါက အကြောင်းခံမဟုတ်သည့်အရာကို အကြောင်းခံအဖြစ် သတ်မှတ်သည့်အတွက် ရှိရ်က် အသေးစားဖြစ်မည်။ အကယ်၍၎င်းက ထိုအရာများသည် ၎င်းတို့ပင်ကိုကပင် ကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်သည်ဟု ယုံကြည်ချက်ထားပါက ရှိရ်က်အကြီးစားပင်ဖြစ်သည်။
- ရှိရ်က်ဖြစ်စေသောအကြောင်းခံများ၊ ဟရာမ်မပြုပိုင်သောအကြောင်းခံများကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
- ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် နည်းလမ်းမှအပ အခြားနည်းလမ်းများဖြင့် မန်းမှုတ်ခြင်းသည် ရှိရ်က်ဖြစ်သောကြောင့် တားမြစ်ထားသည်။
- စိတ်နှလုံးသားသည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြင့်သာ ချိတ်ဆက်ထားရမည်။ ကောင်းကျိုး၊ ဆိုးကျိုးသည် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု အပေါင်းမှ ကင်းစင်းတော်မူသော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းထံတော်မှဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှ ကောင်းကျိုးပေးနိုင်သလို အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူမျှ ဆိုးကျိုးများကို မဖယ်ရှားပေးနိုင်ပေ။
- မန်းမှုတ်ခြင်းသည် အောက်ပါအချက် သုံးချက်ပါရှိပါက ပြုပိုင်သည်။ ၎င်းတို့မှာ - (၁) မန်းမှုတ်ခြင်းသည် အကြောင်းခံသာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့်သာ အကျိုးပေးနိုင်သည်ဟု ယုံကြည်ရမည်။ (၂) ကုရ်အာန်ကျမ်းမြတ်၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များ၊ ဟဒီးဆ်တော်လာ ဒုအာများ၊ ရှရီအသ်တရားတော်က ခွင့်ပြုထားသော ဒုအာများဖြင့်သာ မန်းမှုတ်ရမည်။ (၃) အဓိပ္ပာယ် သိနားလည်နိုင်သော စာသားများဖြစ်ရမည်။ အင်းကွက်ဆွဲခြင်း၊ မှော်အတတ်ပညာစာသားများ မပါရှိရပါ။