- ခိုလှုံခွင့်တောင်းခံခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များဖြင့်သာ ခိုလှုံမှုတောင်းခံရမည်။
- အလ္လာဟ်အရှင်မြတ်၏(ကလာမ်) မုက္ခပါဌ်တော်သည် အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များအနက်မှ ဂုဏ်တော်တစ်မျိုးဖြစ်သည့်အတွက် အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြင့် ခိုလှုံမှုတောင်းခံခွင့်ရှိ၏။ အဖန်ဆင်းခံဖြင့် ခိုလှုံမှုတောင်းခံခြင်းသည် ရှိရ်က်ဖြစ်သည်။
- ဤတောင်းဆုတော်၏ မွန်မြတ်မှုနှင့် ဗရ်ကသ်မင်္ဂလာကို ဖော်ပြထားသည်။
- ဇိက်ရ်တော်များဖြင့် အကာအကွယ်ယူခြင်းသည် လူသားအတွက် ဘေးအန္တရာယ်များမှ အကာအကွယ်ရရန် အကြောင်းခံတစ်ခုဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်မှအပ ဂျင်န်များ၊ ဂျာဒူပယောဂဆရာများ၊ လူလိမ်များနှင့် အခြားအဖန်ဆင်းခံများထံတွင် ခိုလုံမှုတောင်းခံခြင်းကို ပယ်ဖျက်ထားသည်။
- မိမိအရပ်ဒေသတွင်ဖြစ်စေ သို့မဟုတ် ခရီးတွင်ဖြစ်စေ တစ်နေရာရာ၌ ရပ်နားသည့်အခါ ဤဒုအာကို တောင်းခံရန် တရားတော်က သတ်မှတ်ထားသည်။