- ‘သွဟရဟ်’သန့်ရှင်းစင်ကြယ်မှုသည် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အပြင်ပိုင်းသန့်ရှင်းစင်ကြယ်မှုဖြစ်ပြီး ၎င်းကိုဝုဿူပြုခြင်း၊ ဂုစ်လ်ရေချိုးခြင်းဖြင့်ရရှိနိုင်သည်။ နောက်တစ်မျိုးမှာ အတွင်းပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုဖြစ်ပြီး ၎င်းကို သောင်ဝ်ဟီးဒ်တရားကိုလက်ခံခြင်း၊ အီမာန် သက်ဝင်ယုံကြည်ခြင်း၊ ကောင်းမှုပြုခြင်းတို့ဖြင့် ရရှိနိုင်သည်။
- ဆွလာသ်ကို စွဲမြဲစွာဝတ်ပြုရန် အရေးကြီးကြောင်း တင်ပြထားသည်။ ဆွလာသ်သည် ဤလောကနှင့် ကိယာမသ် ရှင်ပြန်ထရမည့်နေ့၌ လူသားအတွက် အလင်းရောင်ဖြစ်သည်။
- ဆွဒ်ကဟ် အလှူဒါနပြုခြင်းသည် အီမာန်ယုံကြည်မှု စစ်မှန်ကြောင်း အထောက်အထားဖြစ်သည်။
- ကုရ်အာန် ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်ပြီး အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားမဖြစ်ရန်အတွက် ကုရ်အာန် ကျမ်းတော်မြတ်အားယုံကြည်ထောက်ခံကာ လိုက်နာကျင့်သုံးရန် အရေးကြီးသည်။
- အသင်သည် စိတ်ကိုကောင်းမှုပြုခြင်း၌ လုံးပန်းစေခြင်းမရှိလျှင် ထိုစိတ်သည် အသင့်အားမကောင်းမှု၌ လုံးပန်းစေလိမ့်မည်။
- လူသားတိုင်းသည် အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေသည့်အလုပ်ကိုဖြစ်စေ သို့မဟုတ် အပြစ်အကုသိုလ်ကျူးလွန်ကာ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲသို့ ကျရောက်စေသည့် အလုပ်ကိုဖြစ်စေ မလွဲမသွေ လုပ်ဆောင်ကြသည်။
- ဆွဗ်ရ်သည်းခံခြင်းတွင် ဒုက္ခအခက်အခဲရှိသည်။ ထို့ကြောင့် ခံနိုင်ရည်ရှိရန်နှင့် အကျိုးကုသိုလ်ကို မျှော်လင့်ချက်ထားရန်လိုအပ်သည်။