- ဤဇိက်ရ်တော်ကို တစ်ရက်လျှင် (အကြိမ်တစ်ရာ) တဆက်တည်း ရွတ်ဆိုသည်ဖြစ်စေ၊ ခွဲ၍ရွတ်ဆိုသည်ဖြစ်စေ ထိုအကျိုးကုသိုလ်ကိုရရှိမည်ဖြစ်သည်။
- “သတ်စ်ဗီးဟ်”ဟူသည် အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူကြောင်း မြွက်ဆိုခြင်းဖြစ်သည်။ “ဟမ်ဒ်” ဟူသည် ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွအရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။
- ဟဒီးဆ်တော်၌လာရှိသော အပြစ်အကုသိုလ်များကို ပယ်ဖျက်ခြင်းဟူသည် ‘ဆွဂီရဟ်’ သေးငယ်သော အပြစ်အကုသိုလ်များကိုဆိုလိုသည်။ ‘ကဗီရဟ်’ ကြီးလေးသော အပြစ်အကုသိုလ်များအတွက်မူ သောင်ဗဟ် အမှားဝန်ချတောင်းပန်ရန် လိုအပ်သည်။