- မိုးရွာသည့်အခါ (မုသွိရ်နာ ဗိဖဿွ်လိလ်လာဟိ ဝရဟ်မသိဟီ) အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းခဲ့သည်ဟု ဆိုခြင်း ‘မွတ်စ်သဟဗ်’ဖြစ်သည်။
- မိုးရွားသွန်းခြင်းနှင့် အခြားနိအ်မသ်ကျေးဇူးတော်များကို နက္ခတ်တာရာများက ဖန်ဆင်းလိုက်ခြင်း၊ ဖြစ်ပေါ်စေခြင်း ဖြစ်သည်ဟု ယုံကြည်လျှင်‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ရောက်စေသည့် ကုဖ်ရ် ထိုက်မည်ဖြစ်သည်။ထို့ပြင် နက္ခတ်တာရာများသည် ထိုနိအ်မသ် ကျေးဇူးတော်များ၏ အကြောင်းခံဖြစ်သည်ဟု ယုံကြည်ချက်ထားလျှင်‘ကုဖ်ရ် အဆ်ွဂရ်’ထိုက်ပြီး အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော်လည်း ကြီးမားသည့် အပြစ်အကုသိုလ် ဖြစ်သည်။ ၎င်းတို့သည် ရှရီအသ်တရားတော်အရဖြစ်စေ၊ လက်တွေ့အရဖြစ်စေ မည်သည့်အကြောင်းခံမျှမဟုတ်ပေ။
- နိအ်မသ်ကျေးဇူးတော်များကို ကျေးဇူးတင်ခြင်းသည် အီမာန်ယုံကြည်မှု၏ အကြောင်းခံဖြစ်ပြီး၊ ငြင်းပယ်ခြင်းသည် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှု၏ အကြောင်းခံဖြစ်သည်။
- ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် ကျွန်ုပ်တို့အပေါ်မိုးရွာသွန်းသည်ဟု ပြောဆိုခြင်းကို တားမြစ်ထားသည်။ အကယ်၍ ထိုစကားမျိုးကို နက္ခတ်တာရာများ ထွက်ပေါ်ချိန်တွင် မိုးရွာသွန်းသည်ဟူသော ရည်ရွယ်ချက်မျိုးဖြင့်ပြောဆိုလျှင်လည်း ‘ရှိရ်က်’သို့ ကျရောက်စေမည့် အကြောင်းခံများကို တားမြစ်သည့်အနေဖြင့် မပြောဆိုရန် တားမြစ်ထားသည်။
- နိအ်မသ် ကျေးဇူးတော်များကို ရယူရာတွင်ဖြစ်စေ၊ မနှစ်သက်ဖွယ်ရာများကို ဖယ်ရှားရာတွင်ဖြစ်စေ စိတ်နှလုံးသားသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ချိတ်ဆက်ထားရန် အရေးကြီးသည်။