- ကုရ်အာန်ကျမ်းမြတ်၏ ထွတ်မြတ်မှုကို တင်ပြထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပါဌ်တော်ဖြစ်သည့်အတွက် အကောင်းဆုံးစကားပင်ဖြစ်သည်။
- သင်ယူသူများအနက် အကောင်းဆုံးသူမှာ မိမိအတွက်သာ သင်ယူခြင်း မဟုတ်ဘဲ အခြားသူများကိုပါ ပြန်လည်သင်ကြားပေးသူဖြစ်သည်။
- ကုရ်အာန်ကျမ်းမြတ်ကို သင်ယူခြင်း၊ ပြန်လည်သင်ကြားပေးခြင်း၌ ရွတ်ဖတ်ပုံနည်းလမ်းဖြစ်စေ၊ အဓိပ္ပါယ်ရသများနှင့် အမိန့်ပညတ်ချက်များဖြစ်စေ အားလုံး အကျုံးဝင်သည်။