- ဂုဏ်ဖော်ရန် သို့မဟုတ် အငြင်းအခုံပြုရန် သို့မဟုတ် ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်မျိုးဖြင့် သာသနာ့ပညာ သင်ယူသူအား ဂျဟန္နမ်ငရဲမီးဖြင့် သတိပေးခြိမ်းခြောက်ထားသည်။
- ပညာသင်ယူသူနှင့် သင်ကြားပေးသူတို့သည် ‘နိယသ်’ရည်စူးချက် မှန်ကန်မှုရှိရန် အရေးကြီးသည်။
- ‘နိယသ်’ရည်စူးချက်သည် အမလ်ကျင့်ဆောင်မှုများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နောင်တမလွန်၌ အစားရရှိခြင်းသည် ထိုရည်စူးချက်အပေါ်တွင် မူတည်သည်။