- သာသနာ့ပညာနှင့် သာသနာ့ပညာကို သင်ယူခြင်း၏ ကြီးကျယ်မှု၊ မွန်မြတ်မှုကို ဖော်ပြထားပြီး သာသနာ့ပညာကို သင်ယူဆည်းပူးရန် တိုက်တွန်းထားသည်။
- အမှန်တရားပေါ်တွင် ရပ်တည်ခြင်းသည် ဤအွမ္မသ်၌ မလွဲမသွေ ရှိနေမည်ဖြစ်ပြီး အုပ်စုတစ်စုသည် အမှန်တရားကို စွန့်လွှတ်ပါက အခြားအုပ်စုက အမှန်တရားအပေါ် ရပ်တည်မည်ဖြစ်သည်။
- သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်းရှိခြင်းသည် မိမိ၏ကျေးကျွန် ကောင်းစားစေရန်အတွက် အလ္လာဟ်အရှင်မြတ်၏ အလိုတော်တစ်ခုပင်ဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ အရှင်မြတ်၏ အလိုတော်အရသာ ပေးကမ်းခြင်းဖြစ်ပြီး မည်သည့်အရာကိုမျှ မပိုင်ဆိုင်ပေ။