- အလ္လာဟ်အရှင်မြတ်အပေါ် သဝက္ကုလ် ယုံပုံအားကိုးရန်နှင့် အလ္လာဟ်အရှင်မြတ်၏ ဆုံးဖြတ်ချက် သတ်မှတ်ချက်အပေါ် အီမာန် သက်ဝင်ယုံကြည်ရန်အရေးကြီးသည်။ ထို့ပြင် ငှက်ဖြင့်အတိတ်ကောက်ခြင်း၊ နိမိတ်ဆိုးကောက်ခြင်း၊ ဂျာဒူ ပယောပပြုခြင်း၊ ဗေဒင်လက္ခဏာကြည့်ပေးခြင်း၊ ဗေဒင်မေးခြင်းတို့သည် ဟရာမ်ဖြစ်သည်။
- အကွယ်ကိုသိကြောင်း ကြွေးကြော်ခြင်းသည် သောင်ဝ်ဟီးဒ်နှင့်ဆန့်ကျင်သည့် ‘ရှိရ်က်’ အလ္လာဟ်အရှင်မြတ်နှင့်တုဖက်နှိုင်းယှဥ်မှု ဖြစ်သည်။
- ဗေဒင်ဆရာများကို ထောက်ခံခြင်း၊ ဗေဒင်ဆရာဆီ သွားခြင်းသည် ဟရာမ်ဖြစ်သည်။ ထိုနည်းတူစွာလက်ဝါးပြင်ကိုကြည့်၍ ဗေဒင်တွက်ခြင်း၊ ဖန်ခွက်ဖြင့် ဗေဒင်တွက်ခြင်း၊ ရာသီခွင်ကိုကြည့်ကာ ဟောခြင်း စသည်တို့သည်လည်း ဟရာမ်ဖြစ်သည်။ ထိုလုပ်ရပ်များကို မယုံကြည်သော်လည်း လေ့လာရန်သဘောမျိုးဖြင့် သွားခြင်းသည်လည်း ဟရာမ်ဖြစ်သည်။