- စားသောက်သည့်အခါ အစတွင် ‘ဗိစ်မိလ္လာဟ်’ ဆိုခြင်းသည် စားသောက်ခြင်း၏ အာဒဗ် စည်းကမ်းများတွင် ပါဝင်သည်။
- ကလေးများကို အာဒဗ် စည်းကမ်းများ သင်ကြားပေးရမည်။ အထူးသဖြင့် မိမိအုပ်ထိန်းမှုအောက်တွင်ရှိသူကို သင်ကြားပေးရမည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နူးညံ့သိမ်မွေ့မှုနှင့် ကလေးငယ်များကို သွန်သင်ဆုံးမခြင်း၊ သင်ကြားပေးခြင်းတွင် စိတ်ရှည်မှုရှိခြင်းတို့ကို ဖော်ပြထားသည်။
- စားသောက်ခြင်းဆိုင်ရာ ကျင့်ဝတ်တစ်ခုမှာ မိမိအနီးအနားမှသာ စားခြင်းဖြစ်သည်။ သို့သော် အစားအသောက် အမျိုးစုံရှိနေပါက ၎င်းတို့ကို လှမ်းယူခွင့်ရှိသည်။
- ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သွန်သင်ဆုံးမမှုကို စွဲမြဲစွာလိုက်နာ ကျင့်သုံးကြသည်။ ဤအကြောင်းကို အုမရ်ဗင်န် အဗီစလမဟ် ပြောကြားသည့် “ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။”ဟူသည့် စကားမှ သိရှိနိုင်သည်။