- သက်ရှိများကို ရုပ်ပုံ၊ ဓာတ်ပုံရိုက်ကူးခြင်း ဟရာမ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်ရန် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
- အခွင့်အာဏာရှိသူ သို့မဟုတ် တားမြစ်နိုင်စွမ်းရှိသူသည် မကောင်းမှုအား လက်ဖြင့်တားမြစ်ခွင့်ရှိသည်။
- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုပ်ပုံများ၊ ရုပ်တုဆင်းတုများ၊ ကဗရ်သင်္ချိုင်းများရှိ အဆောက်အဦးများ အပါအဝင် အမိုက်ခေတ်ကို ညွှန်ပြနေသည့် လက္ခဏာများအားလုံးကို ဖယ်ရှားပစ်ရန် စိတ်အားထက်သန်ခဲ့သည်။