- အဖန်ဆင်းခံအားလုံးအပေါ် သနားကြင်နာမှုထားရှိရန် လိုအပ်သည်။ ဟဒီးဆ်တော်၌ လူသားကို သီးသန့်တင်ပြထားခြင်းသည် အလေးအနက်ထားသည့် သဘောမျိုးသာဖြစ်သည်။
- အလ္လာဟ်အရှင်မြတ်သည် သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူပြီး သနားကြင်နာစိတ်ရှိသော မိမိ၏ကျေးကျွန်များကို သနားကြင်နာတော်မူသည်။ လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရရှိခြင်းဖြစ်သည်။
- လူတို့အပါ် သနားကြင်နာခြင်းဆိုသည်မှာ ၎င်းတို့အတွက် ကောင်းခြင်းများ ဆောင်ကြဉ်းပေးခြင်း၊ ဆိုးကျိုးများ ဖယ်ရှားပေးခြင်း၊ ကောင်းမွန်စွာ ဆက်ဆံခြင်းတို့ဖြစ်သည်။