- အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်ခြင်းသည် ကောင်းခြင်းအားလုံး၏ ဇာစ်မြစ်ဖြစ်ပြီး ကောင်းမြတ်သည့် အကျင့်သီလများကို ရှင်သန်စေသည်။
- နှုတ်လျှာ၏ ဆိုးကျိုးများမှ ရှောင်ကြဥ်ရန် သတိပေးထားသည်။
- အစ္စလာမ်သာသနာသည် ချစ်ခင်ရင်းနှီးမှု၊ ဂုဏ်ပေးလေးစားမှုကို ဖော်ဆောင်သော သာသနာဖြစ်သည်။
- ဤအကျင့်အမူများသည် အီမာန်ယုံကြည်မှု၏ အကိုင်းအလက်များနှင့် မြင့်မြတ်သည့် ကိုယ်ကျင့်တရားများ အနက်မှဖြစ်သည်။
- စကားများများပြောခြင်းသည် မနှစ်သက်ဖွယ်ရာနှင့် တားမြစ်ထားသောအရာဆီသို့ တွန်းပို့ပေးသည်။ ကောင်းမြတ်သည့် စကားကိုပြောခြင်း သို့မဟုတ် ဆိတ်ဆိတ်နေခြင်း၌ ငြိမ်းချမ်းမှုရှိသည်။