- မုဆိုးမနှင့် ဆင်းရဲသားတို့၏ အကျိုးကို ဆောင်ရွက်သူ၊ ထိန်းသိမ်းစောင့်ရှောက်သူအား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ၊ သဟဂျ်ဂျွဒ်ဆွလာသ် ဆောက်တည်သူတို့နှင့် တွဲဖက်၍ ဖော်ပြခြင်းသည် ထိုကဲ့သို့သော်ကောင်းမြတ်သည့် လုပ်ရပ်များကို စွဲမြဲစွာ ပြုလုပ်ရာတွင် စိတ်အလိုနှင့် ရှိုင်သွာန်အား ဆန့်ကျင်ကာ ကြိုးစားအားထုတ်ရန် လိုအပ်သောကြောင့်ဖြစ်သည်။
- အားနည်းသူတို့၏ ပူဆွေးသောကကို ဖယ်ရှားပေးခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်တင်းပေးခြင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခြင်းတို့ကိုပြုလုပ်ရန် တိုက်တွန်းထားသည်။
- အစ္စလာမ့်တရားလမ်းစဉ်သည် အစ္စလာမ့်အဆောက်အအုံကြီး ခိုင်မာစေရန်အတွက် မွတ်စ်လင်မ်တို့အား အချင်းချင်းညီညွတ်ကြရန်၊ အပြန်အလှန်တာဝန်ယူကြရန်နှင့် ရိုင်းပင်းကူညီကြရန် လိုလားသည်။
- ကောင်းမြတ်သော လုပ်ရပ်တိုင်းသည် အိဗာဒသ်တွင် ပါဝင်သည်။
- အိဗာဒသ်ဟူသည် အလ္လာဟ်အရှင်မြတ် ကျေနပ်၊ နှစ်သက်တော်မူသည့်ကောင်းမြတ်သည့် အရာတိုင်း ပေါ်လွင်ထင်ရှားသည့် လုပ်ရပ်ဖြစ်စေ၊ ဖုံးကွယ်နေသည့် လုပ်ရပ်ဖြစ်စေ အားလုံးပါဝင်သော နာမည်ဖြစ်သည်။