- အဗူဗက်ရ် ဆွိဒ်ဒီက်(ရဿွိယလ္လာဟုအန်ဟု)၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ သူသည် အွမ္မသ်နောက်လိုက်သားများအနက် အမွန်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကွယ်လွန် ဝဖာသ်ဖြစ်ပြီးနောက် လူတို့အနက် ခိလာဖသ်နှင့် အထိုက်တန်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။
- ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းသည်ရှေးယခင် အွမ္မသ်သားတို့၏ လမ်းစဉ်များအနက်မှဖြစ်သည်။
- ကဗရ်သင်္ချိုင်းများကို ခဝပ်ကိုးကွယ်ရာနေရာများအဖြစ် သတ်မှတ်ပြီး ထိုနေရာများတွင် ဆွလာသ်ဆောက်တည်ခြင်း၊ ၎င်းသင်္ချိုင်းများဘက်သို့လှည့်၍ ဆွလာသ်ဆောက်တည်ခြင်း၊ ၎င်းတို့အပေါ် ဗလီဝတ်ကျောင်းတော်များ၊ (ဂွန်မ်ဗဒ်)အမိုးခုံးများ တည်ဆောက်ခြင်းတို့ကို တားမြစ်ထားသည်။ ဤသို့တားမြစ်ထားခြင်းသည် ထိုကိစ္စရပ်များကို အကြောင်းခံပြီး (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုထဲသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက်ဖြစ်သည်။
- ဝလီသူတော်စင်များနှင့် ပတ်သက်၍ အလွန်အကျူး အစွန်းရောက်ခြင်းသည် ‘ရှိရ်က်’ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသောကြောင့် သတိပေး တားမြစ်ထားသည်။
- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုလုပ်ရပ်များ၏ ဆိုးကျိုးများအကြောင်းကို မကွယ်လွန်မီ ငါးရက်အလိုတွင် မိန့်ကြားတော်မူခဲ့ကြောင်း အတည်ပြုတင်ပြထားသည်။