- ကောင်းမှုကိုဆောင်ရွက်ရန် သင့်အား တားဆီးသောအရာကို အရှက်တရားဟု မခေါ်ဘဲ ၎င်းအား ရှက်ရွံ့မှု၊ မတတ်စွမ်းနိုင်မှု၊ ချည့်နဲ့မှု၊ သူရဲဘောကြောင်မှု ဟုသာခေါ်ဆိုရမည်။
- အလ္လာဟ်အရှင်မြတ်အား အရှက်တရားထားရှိခြင်းဟူသည် အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
- အဖန်ဆင်းခံများအား အရှက်တရားထားရှိခြင်းဟူသည် ၎င်းတို့အား ဂုဏ်ပေးလေးစားခြင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့်အညီ ဆက်ဆံခြင်း၊ လူတို့ထံ၌ ညစ်ညမ်းသည်ဟု သတ်မှတ်ထားသည့်အရာများမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။