- သည်းခံမျိုသိပ်ခြင်းနှင့် ဒေါသဖြစ်သည့်အခါ စိတ်ကိုချုပ်ထိန်းခြင်း၏ မွန်မြတ်မှုကိုဖာ်ပြထားသည်။ ဤအချက်သည် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမြတ်သည့် အကျင့်သီလထဲတွင် ပါဝင်သည်။
- အမျက်ဒေါသထွက်သည့်အခါ၌ စိတ်ကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် ရန်သူအပေါ် အနိုင်ရရန် ကြိုးပမ်းခြင်းထက် ပို၍ခက်ခဲသည်။
- အစ္စလာမ်သည် (ဂျာဟိလိယသ်) အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏ အားအင်ကြီးခြင်း အယူအဆကို မွန်မြတ်သည့် ကိုယ်ကျင့်တရားဖြင့် ပြောင်းလဲပစ်ခဲ့သည်။ လူတို့အနက် အားအင်အကြီးဆုံးသူမှာ မိမိ၏စိတ်ကို ချွန်းအုပ်နိုင်သူဖြစ်သည်။
- အမျက်ဒေါသသည် လူတစ်ဦးချင်းစီနှင့် လူအဖွဲ့အစည်းကို ဆိုးကျိုးဖြစ်စေသောကြောင့် အမျက်ဒေါသမှ ဝေးစွာရှောင်ကြဉ်ရမည်။