- ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုကို ဖြစ်စေမည့် အကြောင်းခံများကို တားမြစ်ပိတ်ပင်ရန်နှင့် ရုပ်တု ကိုးကွယ်သူများနှင့် တူဆင်ခြင်းမရှိစေရန်အတွက် ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းနှင့် ဗလီထဲတွင် သေသူတို့အား မြှုပ်နှံခြင်းတို့ကို တားမြစ်ထားသည်။
- ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်း၊ ဗလီထဲ၌ ရုပ်ပုံများ၊ရုပ်ထုများ စိုက်ထူခြင်းသည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဤလုပ်ရပ်မျိုး ပြုလုပ်သူသည် ယဟူဒီ၊ နဆ်ွရာနီတို့နှင့် အတူတူပင်ဖြစ်သွားပြီး ၎င်းတို့ခံရမည့်အပြစ်ဒဏ်ကို ထိုသူလည်းခံရမည်ဖြစ်သည်။
- ကဗရ်သင်္ချိုင်းများ၌ ဆွလာသ်ဆောက်တည်ခြင်းသည် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုသို့ ကျရောက်စေမည့် အကြောင်းခံပင်ဖြစ်သည်။ဤအချက်၌ ကဗရ်များသည် ဗလီထဲ၌ရှိသည်ဖြစ်စေ၊ ဗလီအပြင်၌ ရှိသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။
- သက်ရှိများ၏ ရုပ်ပုံ၊ဓာတ်ပုံများပြုလုပ်ခြင်းကို တားမြစ်ထားသည်။
- ကဗရ်သင်္ချိုင်းပေါ်တွင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်သူ၊ ကဗရ်၌ ရုပ်ပုံများ၊ဓာတ်ပုံများ ထားသူသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူပင်ဖြစ်သည်။
- ရှရီအဟ် တရားလမ်းစဉ်သည် သောင်ဟီးဒ်တရားတော်အား ပြည့်ပြည့်ဝဝ ကာကွယ်စောင့်ရှောက်ထားသည်။ ထို့ကြောင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုကို ဖြစ်စေမည့် အကြောင်းခံများအားလုံးကို တားမြစ်ပိတ်ပင်ခဲ့သည်။
- ကဗရ်သင်္ချိုင်းများပေါ်တွင် ဆောက်လုပ်ထားသည့် ဗလီဝတ်ကျောင်းတော်များ၌ ဆွလာသ်ဆောက်တည်ခြင်းမပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ထိုသို့ဆောက်တည်ခြင်းကို တားမြစ်ထားတော်မူပြီး၊ ထိုကဲ့သို့ပြုလုပ်သူအား “လအ်နသ်” ပို့ထားတော်မူသည်။ တားမြစ်ချက်သည် တားမြစ်ထားသည့်အရာကို တရားမဝင်ကြောင်း ညွှန်ပြနေသည်။
- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ အွမ္မသ်နောက်လိုက်သားများ တရားလမ်းမှန်ပေါ်တွင် ရှိနေစေရန် အလွန်စိတ်အားထက်သန်တော်မူသည်။ ထိုအချက်ကို ညွှန်ပြနေသည်မှာ - ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဝဖာသ်ဖြစ် ကွယ်လွန်ခါနီး နာမကျန်းဖြစ်နေချိန်၌ မိမိ၏အွမ္မသ်နောက်လိုက်တို့အား ယဟူဒီ၊နဆ်ွရာနီတို့က ၎င်းတို့၏ နဗီတမန်တော်များ၊ သူတော်စင်များနှင့် ပတ်သက်၍ လုပ်ခဲ့ကြသည့် လုပ်ရပ်များကို မလုပ်ဆောင်ကြရန် သတိပေး တားမြစ်တော်မူခဲ့သည်။