- တူညီသောအတိုင်းအတာထက် ပို၍ အစားယူခြင်းအား တားမြစ်ထားသည်။
- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအား ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အမိန့်မပေးထားပေ။
- စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ၊ လျစ်လျူရှုခြင်းဖြင့်ဖြစ်စေ မိမိနှင့်အခြားသူကို ထိခိုက်နစ်နာစေခြင်းကို တားမြစ်ထားသည်။
- လုပ်ရပ်အမျိုးအစားပေါ်မူတည်ပြီး အစားရလဒ် ရရှိမည်ဖြစ်သည်။ အကြင်သူသည် တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ အကြင်သူသည် တစ်ဦးတစ်ယောက်အား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားခက်ခဲဒုက္ခရောက်စေလိမ့်မည်။
- ရှရီအဟ် တရားဥပဒေ၏ အခြေခံစည်းမျဉ်းတစ်ခုမှာ- “ထိခိုက်နစ်နာမှုကို ဖယ်ရှားရမည်။“ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ရှရီအဟ် တရားဥပဒေသည် မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းကို လက်မခံသလို အခြားသူများကို ထိခိုက်နစ်နာစေခြင်းကိုလည်း လက်မခံပေ။