- ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရသည့် အကြောင်းခံများတွင် အလ္လာဟ်အရှင်မြတ်နှင့် သက်ဆိုင်သည့် အကြောင်းခံများရှိသည်။ ၎င်းတို့အနက်တစ်ခုမှာ သက္ကဝါတရား ဖြစ်သည်။ ထို့အတူအဖန်ဆင်းခံများနှင့် သက်ဆိုင်သည့် အကြောင်းခံများလည်းရှိသည်။ ၎င်းတို့အနက်တစ်ခုမှာ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်။
- နှုတ်လျှာပိုင်ရှင်အတွက် နှုတ်လျှာ၏ အန္တရာယ်ကိုတင်ပြထားသည်။ ၎င်းသည် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေမည့် အကြောင်းခံတစ်ခုဖြစ်သည်။
- လူသားတို့အတွက် စိတ်အလိုရမ္မက်နှင့် စက်ဆုပ်ရွံ့ရှာဖွယ်ရာများ၏ အန္တရာယ်ကို ဖော်ပြထားသည်။ ၎င်းတို့သည် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေသည့် အကြောင်းခံများအနက် အများဆုံးပင်ဖြစ်သည်။