- အစ္စလာမ်သာသနာသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြည့်စုံခြင်းကို အလွန်အလေးထားသည်။
- ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၏ မွန်မြတ်မှုကို တင်ပြထားသည်။ ကျွန်တစ်ဦးသည် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် အမြဲတစေ ဆွိယာမ်ဥပုသ် စောင့်ထိန်းသူ၊ ပင်ပန်းခြင်းမရှိဘဲ အမြဲဆွလာသ်ဆောက်တည်သူ၏ အဆင့်အတန်းသို့ ရောက်ရှိသွားလေသည်။
- နေ့တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ညတွင် ဆွလာသ် ဆောက်တည်ခြင်းသည် စိတ်နှလုံးသားများအတွက် ခက်ခဲကာ အလွန်ကြီးကျယ်သည့် အမလ်အိဗာဒသ် နှစ်ခုဖြစ်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူသည် ကောင်းမွန်သည့် ဆက်ဆံရေးဖြင့် မိမိစိတ်နှလုံးသားအပေါ် မုဂျဟဒဟ် အားထုတ်ကြိုးပမ်းသည့်အတွက် ထိုအိဗာဒသ်နှစ်ခုကို ဆောင်ရွက်သူ၏ အဆင့်အတန်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။