- အိမ်များတွင် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုမပြုဘဲ နေခြင်းကို တားမြစ်ထားသည်။
- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကဗရ်ကို ဇိယာရသ်ပြုရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခြင်းကို တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်သည် မိမိအားဆွလာသ်မေတ္တာပို့သကြရန် အမိန့်ပေးထားပြီး ထိုပို့သလိုက်သည့် ဆွလာသ်သည် မိမိထံသို့ရောက်ရှိကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် ခရီးထွက်လျှင် မတ်စ်ဂျစ်ဒိနဗဝီ ဗလီဝတ်ကျောင်းတော်သို့သွားရန်နှင့် ထိုဗလီ၌ ဆွလာသ်ဝတ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ထားရမည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကဗရ်တွင် အချိန်သီးသန့်၊ ပုံသဏ္ဍာန်သီးသန့်ဖြင့် အီးဒ်သဖွယ်အကြိမ်ကြိမ်လာရောက် ဇိယာရသ်ပြုခြင်းအား တားမြစ်ထားသည်။ ထိုအတိုင်းပင် အခြားကဗရ်သင်္ချိုင်းတို့ကိုလည်း ဤကဲ့သို့ ဇိယာရသ်ပြုခြင်းမျိုးမှ တားမြစ်ထားသည်။
- အလ္လာဟ်အရှင်မြတ်ထံတော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဂုဏ်သိက္ခာမြင့်မြတ်မှုကို ဖော်ပြထားသည်။ မည်သည့်အချိန်၊ မည်သည့်နေရာမှဖြစ်စေ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် (ဆွလာသ်) ကောင်းချီးမင်္ဂလာနှင့် (စလာမ်)မေတ္တာပို့သရန် ခွင့်ပြုထားသည်။
- သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်ထားကြောင်း ဆွဟာဗဟ်များ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အိမ်များတွင် ဆွလာသ်မဆောက်တည်ဘဲ ကဗရ်သင်္ချိုင်းများကဲ့သို့ မပြုလုပ်ရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။