- ဇနီးမောင်နှံနှစ်ဦးသည် ဟလာလ်ကို ဟရာမ်ဟု လည်းကောင်း၊ ဟရာမ်ကို ဟလာလ်ဟု လည်းကောင်း သတ်မှတ်သည့် စည်းကမ်းမျိုးမှလွဲ၍ တစ်ဖက်နှင့်တစ်ဖက် လိုက်နာရန်သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။
- နိကာဟ်၏ စည်းကမ်းချက်များကို အခြားစည်းကမ်းချက်များထက် ပို၍ အလေးအနက်ထား ဖြည့်ဆည်းရမည်။ အဘယ်ကြောင့်ဆိုသော် ထိုစည်းကမ်းများဖြင့်သာ ကိုယ်လက်နှီးနှောခွင့် တရားဝင်မည်ဖြစ်သည်။
- နိကာဟ်၏ စည်းကမ်းချက်များကို ဖြည့်ဆည်းရန် အလေးအနက်ထားခိုင်းခြင်းသည် အစ္စလာမ်သာသနာတော်၌ နိကာဟ်၏အဆင့်အတန်း ကြီးကျယ်မှုကို ဖော်ပြနေသည်။