- ‘ဝလီ’အုပ်ထိန်းသူသည် နိကာဟ်အထမြောက်ရန်အတွက် စည်းကမ်းချက်ဖြစ်သည်။ အကယ်၍ ‘ဝလီ’အုပ်ထိန်းသူမပါရှိလျှင် သို့မဟုတ် အမျိုးသမီးသည် မိမိဘာသာ နိကယ်ထိမ်းမြားမှုပြုလျှင် နိကာဟ်အထမြောက်မည် မဟုတ်ပါ။
- ‘ဝလီ’အုပ်ထိန်းသူသည် အမျိုးသမီးနှင့် ဆွေမျိုးအနီးစပ်ဆုံးတော်စပ်သည့် အမျိုးသားဖြစ်ရမည်။ ဆွေမျိုးအနီးစပ်ဆုံး အုပ်ထိန်းသူရှိပါလျှက် ဆွေမျိုးတော်စပ်မှု ဝေးသည့် ‘ဝလီ’အုပ်ထိန်းသူက အမျိုးသမီးတစ်ဦးကို ထိမ်းမြားပေးခြင်း မပြုရပေ။
- ‘ဝလီ’အုပ်ထိန်းသူတွင် ရှိရမည့် စည်းကမ်းချက်များမှာ- တရားဝင် တာဝန်ရှိသူဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်း၊ နိကာဟ်ထိမ်းမြားမှု၏ ကောင်းကျိုးများကို သိနားလည်သူဖြစ်ခြင်း၊ ‘ဝလီ’အုပ်ထိန်းသူနှင့် သူ၏အုပ်ထိန်းမှုအောက်တွင်ရှိသော အမျိုးသမီးသည် ဘာသာတူခြင်း စသည်တို့ဖြစ်သည်။ ဤအရည်အ ချင်းများနှင့် မကိုက်ညီသူသည် နိကာဟ်ထိမ်းမြားမှုတွင် ‘ဝလီ’အုပ်ထိန်းသူဖြစ်ရန် အရည်အချင်း ပြည့်မီသူမဟုတ်ပေ။