- နဗီတမန်တော်များ၊ ဝလီသူတော်စင်များ၏ ကဗရ်သင်္ချိုင်းများတွင် ရှရီအသ်တရားတော်က ခွင့်ပြုထားသည်ထက် ဘောင်ကျော်ခြင်းသည် ထိုကဗရ်သင်္ချိုင်းများကို အလ္လာအရှင်မြတ်အပြင် ခဝပ်ကိုးကွယ်ရာများအဖြစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုကို ဖြစ်စေသည့် အကြောင်းခံများကို ရှောင်ကြဉ်ရန် အရေးကြီးသည်။
- ကဗရ်ထဲတွင် မြှုပ်နှံထားသူသည် မည်မျှပင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်သည့်ပုဂ္ဂိုလ်ဖြစ်စေ ထိုကဗရ်သင်္ချိုင်းများအား ဂုဏ်ပေးကြည်ညိုရန်၊ ထိုကဗရ်များ၌ အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခြင်း မပိုင်ပေ။
- ကဗရ်များပေါ်တွင် စဂ်ျဒဟ်ဦးချရာနေရာများ(ဗလီများ) တည်ဆောက်ခြင်းဟရာမ်ဖြစ်သည်။
- ဗလီမဆောက်ထားလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းသည် ဟရာမ်ဖြစ်သည်။ သို့သော် ဂျနာဇဟ် ဆွလာသ်ဝတ်မပြုဘဲမြှုပ်နှံခံရသူအား ကဗရ်တွင်သွားရောက်ကာ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။