- သုံးရက် သို့မဟုတ် ထို့ထက်နည်း၍ မခေါ်မပြောဘဲနေခြင်းကို ခွင့်ပြုထားခြင်းသည် လူ့သဘာဝကို ထည့်သွင်းစဉ်းစားထားသည့်အတွက် ဖြစ်သည်။ ဒေါသစိတ်များ ပျောက်သွားစေရန် သုံးရက်ထိ မခေါ်မပြောဘဲနေခြင်းကို ခွင့်ပြုထားသည်။
- အစ္စလာမ်သာသနာ၏ မွန်မြတ်မှုကို တင်ပြထားသည်။ အစ္စလာမ်သည် စိတ်နှလုံးသားများ၌ရှိသော ဒေါသ၊ အာဃာတများကို ဖယ်ရှားပေးသည်။ အစ္စလာမ်သည် ချစ်ခင်မှု၏ သင်္ကေတ ဖြစ်သည်။
- အစ္စလာမ်သည် မွတ်စလင်မ်များအကြား ချစ်ခင်ရင်းနှီးမှုနှင့် ညီနောင်စိတ်ဓာတ်ရှိရန် လိုလားသည်။