- အုပ်ချုပ်သူခေါင်းဆောင်များကို ဆန့်ကျင်ခွဲထွက်ခြင်းအား တားမြစ်ထားသည်။အကယ်၍ ၎င်းခေါင်းဆောင်တို့သည် မကောင်းမှုတချို့ကို ကျုးလွန်ခဲ့လျှင်လည်းအစ္စလာမ့်ဘောင်အပြင်သို့ မရောက်သည့် ပြစ်မှုမျိုးဖြစ်ပါက ခွဲထွက်ခြင်းကိုတားမြစ်ထားသည်။ ထိုအုပ်ချုပ်သူတို့ကို ဆန့်ကျင်ခွဲထွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် သေဆုံးခြင်း၊ အပြစ်မဲ့ပြည်သူတို့အား သတ်ဖြတ်ခြင်း၊ မွတ်စ်လင်မ်တို့အား ထိတ်လန့်စေခြင်း၊ တည်ငြိမ်အေးချမ်းမှုပပျောက်ခြင်းနှင့် အုပ်ချုပ်ရေးစနစ်ပျက်သုန်းခြင်းတို့သည် ထိုဆိုးသွမ်းသော အုပ်ချုပ်သူများရှိနေခြင်းကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများထက်ပို၍ ကြီးမားပေသည်။
- မကောင်းမှုဒုစရိုက်အချို့ကို ကျုးလွန်သည့် မင်းအစိုးရတို့အားဆန့်ကျင်ခွဲထွက်ခြင်းကို တားမြစ်ထားသည်ဆိုပါက ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတသော မင်းအစိုးရတို့အား ဆန့်ကျင်ခွဲထွက်ခြင်း၏ အခြေနေသည် မည်သို့ရှိမည်နည်း။
- ကျီစား၍ပင်ဖြစ်စေ မွတ်စ်လင်မ်တို့အား လက်နက် သို့မဟုတ် အခြားအရာဖြင့်ထိတ်လန့်အောင် ပြုလုပ်ခြင်းကို တားမြစ်ထားသည်။