- အကြင်သူသည် အပြစ်ကျူးလွန်ရန် စိတ်ထဲ၌ သန္နိဌာန်ချကာ ၎င်းနှင့်သက်ဆိုင်သော အကြောင်းခံများကိုလည်း ပြုလုပ်ခဲ့ပါက ထိုသူသည် အပြစ်ထိုက်မည်ဖြစ်သည်။
- မွတ်စ်လင်မ် အချင်းချင်းတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားပြီး ထိုလုပ်ရပ်အား ဂျဟန္နမ်ငရဲမီးဖြင့် သတိပေး ခြိမ်းခြောက်ထားသည်။
- မွတ်စ်လင်မ်အချင်းချင်း ဖြစ်သော်လည်း အမှန်တရားအတွက် တိုက်ခိုက်ခြင်းမျိုးဖြစ်သည့် သူပုန်များ၊ အဖျက်အမှောက်လုပ်သူများကို တိုက်ခိုက်ခြင်းသည် ထိုခြိမ်းခြောက်မှု၌ မပါဝင်ပေ။
- ကဗီရဟ် (ကြီးလေးသောအပြစ်ကို) ကျူးလွန်ရုံဖြင့် ကာဖိရ်မဖြစ်ပေ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြန်အလှန်တိုက်ခိုက်ကြသူနှစ်ဦးအား မွတ်စ်လင်မ်ဟုပင် ခေါ်ဆိုထားသည်။
- မွတ်စ်လင်မ်နှစ်ဦး ဆုံတွေ့ကာ မည်သည့်နည်းလမ်းမျိုးဖြင့် သတ်ဖြတ်သည်ဖြစ်စေ တစ်ဦးကတစ်ဦးကို သတ်ခဲ့ပါက သတ်သူနှင့် အသတ်ခံရသူနှစ်ဦးစလုံး ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ဟဒီးဆ်တော်တွင် ဓါးကို ဖော်ပြခြင်းသည် ပမာပေးသည့်သဘောမျိုးသာဖြစ်သည်။