- မတရားပြုခံရသူသည် မိမိရပိုင်ခွင့်ကို ရှရီအဟ် တရားဥပဒေနည်းလမ်းအတိုင်း စည်းမျဉ်းများနှင့်အညီ တောင်းဆိုခြင်းသည် ပြစ်တင်ရှုံ့ချထားသည့် ငြင်းခုံမှု၌ မပါဝင်ပေ။
- ငြင်းခုံခြင်း၊ ပြသနာလုပ်ခြင်းသည် နှုတ်လျှာ၏ ဆိုးကျိုးများထဲတွင်ပါဝင်ပြီး မွတ်စလင်မ်များအကြား အုပ်စုကွဲခြင်း၊ မုန်းတီးခြင်းတို့ကိုဖြစ်ပေါ်စေသည့် အကြောင်းခံတစ်ရပ်ဖြစ်သည်။
- အမှန်တရားနှင့်တကွ ကောင်းမွန်သည့် နည်းလမ်းများဖြင့် ငြင်းခုံခြင်းသည် ချီးမွှမ်းထိုက်သည့် ငြင်းခုံမှုဖြစ်ပြီး အမှန်တရားကို ငြင်းပယ်ခြင်း၊ အမှားကို အတည်ပြုခြင်း၊ အထောက်အထားမဲ့ ငြင်းခုံခြင်းတို့သည် ပြစ်တင်ရှုတ်ချထိုက်သည့် ငြင်းခုံမှုသာဖြစ်သည်။